အသင်း၏ နောက်ခံသမိုင်းကြောင်း
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၏ လမ်းညွှန်ချက်အရ ဂျာမန်ဘာသာဌာနဌာနမှူး ဒေါ်ပြုံးပြုံးဌေးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် ပထမအကြိမ်၊ ဒီဇင်ဘာလ ၁၀ရက်တွင် ဒုတိယအကြိမ်အဖြစ် ဂျာမန်ဘာသာကျောင်းသူ/ ကျောင်းသားဟောင်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Language Resource Center အဆောက်အဦးခန်းမ အမှတ် (၁၀၃) တွင် ကျောင်းသူ/ ကျောင်းသားဟောင်းများ ပြန်လည်ဆုံစည်း၊ ဆက်သွယ်ဆက်ဆံနိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်းပြီး နှုတ်ဆက်ဧည့်ခံတွေ့ဆုံခဲ့သည်။ ဂျာမန်ဘာသာဌာန ဌာနမှူး ဒေါ်ပြုံးပြုံးဌေး နှင့် ကထိက ဒေါ်ထန့်ခန်ဒိမ့်တို့အပါအဝင် ဂျာမန်ဘာသာဌာန သင်ကြားရေး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ သဘောတူညီချက်အရ ဒေါက်တာသူရိန်နိုင်အောင်ဟိန်းကို ယာယီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးသန်းနိုင်အောင်ကို ယာယီအထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ပဏာမခန့်အပ်ကာ ဂျာမန်ဘာသာ ကျောင်းသားဟောင်းအသင်းဖွဲ့စည်းရေးလုပ်ငန်းစဉ်များကို ဦးဆောင်ထူထောင်စေခဲ့သည်။
ယာယီဥက္ကဌနှင့် ယာယီအထွေထွေအတွင်းရေးမှူးတို့က ၂၀၁၇ ခုနှစ် မေလ ၇ရက်တွင် ရန်ကုန်မြို့ ဒဂုံမြိုနယ် အလုံလမ်းရှိ My Garden စားသောက်ဆိုင်၌ ဂျာမန်ဘာသာ ဘွဲ့ရကျောင်းသားဟောင်းများကို စုံညီစွာဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ အလုပ်အမှုဆောင်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြရာတွင် အသင်း၏ယာယီဥက္ကဌ ဒေါက်တာသူရိန်နိုင်အောင်ဟိန်းအား ဥက္ကဌအဖြစ်လည်းကောင်း၊ ယာယီအထွေထွေအတွင်းရေးမှူး ဦးသန်းနိုင်အောင်အား အထွေထွေအတွင်းရေးမှူး အဖြစ်လည်းကောင်းခန့်အပ်ကာ အသင်းအဖွဲ့စည်းမျဉ်းများကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဂျာမန်ဘာသာ ကျောင်းသားဟောင်းအသင်း အောင်မြင်စွာဖွဲ့စည်းတည်ထောင်ပြီးစီးကြောင်း တက်ရောက်လာသော ဒီပလိုမာနှင့် ဝိဇ္ဇာဘွဲ့ရကျောင်းသူ/ သားဟောင်း ၂၈ဦးက အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ကြောင့် အသင်းကနဦးစတင်ဖွဲ့စည်းရာတွင် ဒေါ်ပြုံးပြုံးဌေး (ဌာနမှူး) (ဂျာမန်ဘာသာဌာန)(ငြိမ်း)က နာယကအဖြစ်၊ ဒေါ်ထန့်ခန်ဒိမ့် (ဌာနမှူး) (ဂျာမန်ဘာသာဌာန)က နာယကအဖြစ်၊ ဒေါက်တာသူရိန်နိုင်အောင်ဟိန်းက ဥက္ကဌအဖြစ် နှင့် ဦးသန်းနိုင်အောင်က အထွေထွေအတွင်းရေးမှူးအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။
Establishment of the German Old Students Association (GOSA)
Upon the guidance of the Rector of Yangon University of Foreign Languages Dr. Kyi Shwin, the Head of Department of German Pyoan Pyoan Htay hosted a reception of the Alumni of the German Specialized Study Program at Hall 103 of the Language Resource Center of Yangon University of Foreign Languages as the first time on Dec 2 and the second time on Dec 10 of 2016 with the main agenda of revitalizing the networking and communication among the alumni. In accordance with the consensus of the academic and administrative board of the Department of German including the Head of Department of German Pyoan Pyoan Htay and the Lecturer Thang Khan Dim, it was handed the mandates to Dr. Thurein Naing Aung Hein as the acting President and Than Naing Aung as the acting Secretary General of the Alumni Body of the German Specialized Study Program with the initiative to establish the German Alumni Association.
Upon the assignment of the responsibilities, the acting President and the acting Secretary General invited and paid a welcome receipt of the Alumni of German Specialized Study Program to the assembly for discussion for the purpose of establishing the Alumni Association at My Garden Restaurant on Ahlone Street, Dagon Township of Yangon on May 7 of 2017. The agenda firstly started with the formation of the working committee by nominating Dr. Thurein Naing Aung Hein for the position of President and Than Naing Aung for the position of Secretary General and submitting the draft Articles of Association. Henceforth, the body of all attending 28 alumni of the German Specialized Study Bachelor and Diploma Programs voted and signed on the formation of the working committee as well as the Articles of the Association. The Agenda was closed with the announcement of the establishment of the German Alumni Association (GOSA).
Hereafter, the German Alumni Association (GOSA) began its functions into play with the designated members Daw Pyoan Pyoan Htay (Head of Department of German, retired) and Thang Khan Dim (Head of Department – in service) as patrons and the elected members President Dr. Thurein Naing Aung Hein and Secretary General Than Naing Aung.